Honor 4x Error Collection
Unicode
@@@@
Huawei Honor 4X မှာ
အမေးအများဆုံးမေးခွန်းဖြစ်လို့ ပေါင်းဖြေပေးလိုက်ပါတယ်
အားမဝင်တဲ့ error ဆိုရင် . . .
အရင်ဆုံး ဘက်ထရီဖြုတ် အားသွင်းကြိုးထိုးပြီး
ဘက်ထရီငုတ်ရဲ့ အလယ်ငုတ်နှစ်စကို ဗို့ တိုင်းကြည့်ပါ
Test point နှစ်စမှာလဲ တိုင်းလို့ ရပါတယ်
1.8V စီ တိုင်းလို့ရနေရင်
Charging IC နဲ့ Power IC ကောင်းနေနိုင်ပါတယ်
ဘက်ထရီပြန်တတ် အားသွင်းကြိုးထိုးပြီး
အဲဒီ Test point နှစ်စမှာ ဗို့ပြန်တိုင်းကြည့်ပါ
ဗို့တွေ ကျသွားတာ နည်းသွားတာ တွေ့ရရင်
ဘက်ထရီနဲ့ အလယ်ငုတ်လမ်းကြောင်းနှစ်ခု ကောင်းနေနိုင်ပါတယ်
ဗို့မပြောင်းရင်တော့ ဘက်ထရီနဲ့ ဘက်ထရီငုတ်တွေကို စစ်ပါ
တစ်ငုတ်မှာ ဗို့တိုင်းလို့ရနေပြီး နောက်တငုတ်မှာ မရှိရင်တော့
သက်ဆိုင်ရာလမ်းကြောင်းကို စစ်ဆေးရမှာပါ
အဲဒါမှ အားမဝင်သေးရင်
ဘက်ထရီငုတ်တွေနဲ့ ဘက်ထရီကိုပဲ အဓိက စစ်ရမှာပါ
နောက်ထပ် စစ်ရမှာက
ဘက်ထရီ အလယ်ငုတ်လမ်းကြောင်းနှစ်ခုဖြစ်တဲ့
BID နဲ့ BT လမ်းကြောင်းတွေပါ
ပါဝါပိတ် ဘက်ထရီတတ်ပြီး အားသွင်းကြိုးထိုးတဲ့အခါ
အားသွင်းပုံ မိုးကြိုးသွား ဖျတ်ကနဲပေါ်လာပြီး ပြန်ပျောက်သွားရင်
ဘက်ထရီငုတ်အထိုင်နဲ့ ဘက်ထရီကို သေချာစစ်ပါ
အားသွင်းပုံလဲ မပြဘူး အားလဲမဝင်ဘူးဆိုရင်တော့
ပုံထဲမှာ ပြထားတဲ့ VCHG 5V ရှိနေရမယ့် C လေးကို တိုင်းကြည့်ပါ
မရှိရင် USB ပင်နံပါတ် (၁) လမ်းကြောင်းကနေ
တိုက်ရိုက် ကြိုးဆက်ပေးလို့ ရပါတယ်
VCHG လမ်းကြောင်းတလျှောက်က FET လေးတွေ ပျက်နေရင်လဲ
အားသွင်းလမ်းကြောင်း ပျောက်နေတတ်ပါတယ် . . .
VCHG 5V ရောက်နေပြီဆိုရင်
ပြထားတဲ့ C လေးမှာ VPH 4.2V ထွက်မထွက် တိုင်းပါ
မထွက်သေးရင်
PMU အသေး၊ CHG Coil တို့ကြောင့် ဖြစ်တတ်ပါတယ်
............................................................................................
ပုံမှန်အတိုင်း ပါဝါနိုးနေပြီး အရုပ်ပျောက်ခဲ့ရင်
PMU အသေးရဲ့ အပေါ်က C နှစ်လုံးမှာ ဗို့တိုင်းကြည့်ပါ
+5V နဲ့ -5V ရှိနေရပါမယ်
မရှိရင်တော့ PMU အသေးနဲ့ Switching Coil L204 တို့ စစ်ပါ
ဗို့နှစ်မျိုးစလုံး ထွက်နေပြီး အရုပ်မပေါ်သေးရင်
LCD Socket နားက VSN & VSP LB Coil နှစ်လုံးကို စစ်ပါ
အဲဒီ Coil လေးတွေ ပြုတ်နေ ပြတ်နေတတ်ပါတယ်
Honor Series တွေမှာ LCD ကို +5V နဲ့ -5V ရောက်မှ
LCD အလုပ်လုပ်နိုင်ပါလိမ့်မယ်
LCD အလုပ်လုပ်မှ Backlight ပိုင်းအတွက်
လိုအပ်နေတဲ့ PWM ပြန်ထုတ်ပေးတာဖြစ်လို့
LCD အလုပ်မလုပ်ရင် နောက်ခံမီးပါ မလင်းတော့ပါဘူး
တကယ်တော့ +5V နဲ့ -5V ဟာ LCD အတွက်ပါ
Backlight အတွက် မဟုတ်ပါဘူး
ဒါပေမယ့် အဲဒီဗို့တွေ ပျောက်သွားရင်
အလင်းပါ ပျောက်သွားတဲ့အတွက်
တချို့ကလဲ Backlight Volt လို့ ခေါ်ကြပါတယ်
LB Coil နှစ်လုံးမှာ +5V နဲ့ -5V ထွက်နေပြီး
နောက်ခံမီး မလင်းသေးပါက
LED တွေအတွက် အပေါင်းဗို့ပေးလမ်းကြောင်းဖြစ်တဲ့
VLED A နဲ့ သက်ဆိုင်တာတွေကို စစ်ရမှာပါ
LCD Socket အနီးက LB Coil လေးကတဆင့်
VLED A အတွက် ဗို့ပေးထားတာဖြစ်လို့ အဲ့ဒီ Coil လေးလဲ ကောင်းနေဖို့လိုပါတယ်
အလင်းရောင်ထွက်နေပြီး မှိန်နေသေးတယ်ဆိုရင်တော့
VLED K လမ်းကြောင်းပေါ်က LB Coil နှစ်လုံးကို စစ်ကြည့်ပါ
ကဲ လေ့လာကြည့်ကြပါဦးခင်ဗျာ . . . . .
Credit :Ko So Myat Thu
Zawgyi
@@@@
Huawei Honor 4X မွာ
အေမးအမ်ားဆုံးေမးခြန္းျဖစ္လို႔ ေပါင္းေျဖေပးလိုက္ပါတယ္
အားမဝင္တဲ့ error ဆိုရင္ . . .
အရင္ဆုံး ဘက္ထရီျဖဳတ္ အားသြင္းႀကိဳးထိုးၿပီး
ဘက္ထရီငုတ္ရဲ႕ အလယ္ငုတ္ႏွစ္စကို ဗို႔ တိုင္းၾကည့္ပါ
Test point ႏွစ္စမွာလဲ တိုင္းလို႔ ရပါတယ္
1.8V စီ တိုင္းလို႔ရေနရင္
Charging IC နဲ႔ Power IC ေကာင္းေနႏိုင္ပါတယ္
ဘက္ထရီျပန္တတ္ အားသြင္းႀကိဳးထိုးၿပီး
အဲဒီ Test point ႏွစ္စမွာ ဗို႔ျပန္တိုင္းၾကည့္ပါ
ဗို႔ေတြ က်သြားတာ နည္းသြားတာ ေတြ႕ရရင္
ဘက္ထရီနဲ႔ အလယ္ငုတ္လမ္းေၾကာင္းႏွစ္ခု ေကာင္းေနႏိုင္ပါတယ္
ဗို႔မေျပာင္းရင္ေတာ့ ဘက္ထရီနဲ႔ ဘက္ထရီငုတ္ေတြကို စစ္ပါ
တစ္ငုတ္မွာ ဗို႔တိုင္းလို႔ရေနၿပီး ေနာက္တငုတ္မွာ မရွိရင္ေတာ့
သက္ဆိုင္ရာလမ္းေၾကာင္းကို စစ္ေဆးရမွာပါ
အဲဒါမွ အားမဝင္ေသးရင္
ဘက္ထရီငုတ္ေတြနဲ႔ ဘက္ထရီကိုပဲ အဓိက စစ္ရမွာပါ
ေနာက္ထပ္ စစ္ရမွာက
ဘက္ထရီ အလယ္ငုတ္လမ္းေၾကာင္းႏွစ္ခုျဖစ္တဲ့
BID နဲ႔ BT လမ္းေၾကာင္းေတြပါ
ပါဝါပိတ္ ဘက္ထရီတတ္ၿပီး အားသြင္းႀကိဳးထိုးတဲ့အခါ
အားသြင္းပုံ မိုးႀကိဳးသြား ဖ်တ္ကနဲေပၚလာၿပီး ျပန္ေပ်ာက္သြားရင္
ဘက္ထရီငုတ္အထိုင္နဲ႔ ဘက္ထရီကို ေသခ်ာစစ္ပါ
အားသြင္းပုံလဲ မျပဘူး အားလဲမဝင္ဘူးဆိုရင္ေတာ့
ပုံထဲမွာ ျပထားတဲ့ VCHG 5V ရွိေနရမယ့္ C ေလးကို တိုင္းၾကည့္ပါ
မရွိရင္ USB ပင္နံပါတ္ (၁) လမ္းေၾကာင္းကေန
တိုက္႐ိုက္ ႀကိဳးဆက္ေပးလို႔ ရပါတယ္
VCHG လမ္းေၾကာင္းတေလွ်ာက္က FET ေလးေတြ ပ်က္ေနရင္လဲ
အားသြင္းလမ္းေၾကာင္း ေပ်ာက္ေနတတ္ပါတယ္ . . .
VCHG 5V ေရာက္ေနၿပီဆိုရင္
ျပထားတဲ့ C ေလးမွာ VPH 4.2V ထြက္မထြက္ တိုင္းပါ
မထြက္ေသးရင္
PMU အေသး၊ CHG Coil တို႔ေၾကာင့္ ျဖစ္တတ္ပါတယ္
............................................................................................
ပုံမွန္အတိုင္း ပါဝါႏိုးေနၿပီး အ႐ုပ္ေပ်ာက္ခဲ့ရင္
PMU အေသးရဲ႕ အေပၚက C ႏွစ္လုံးမွာ ဗို႔တိုင္းၾကည့္ပါ
+5V နဲ႔ -5V ရွိေနရပါမယ္
မရွိရင္ေတာ့ PMU အေသးနဲ႔ Switching Coil L204 တို႔ စစ္ပါ
ဗို႔ႏွစ္မ်ိဳးစလုံး ထြက္ေနၿပီး အ႐ုပ္မေပၚေသးရင္
LCD Socket နားက VSN & VSP LB Coil ႏွစ္လုံးကို စစ္ပါ
အဲဒီ Coil ေလးေတြ ျပဳတ္ေန ျပတ္ေနတတ္ပါတယ္
Honor Series ေတြမွာ LCD ကို +5V နဲ႔ -5V ေရာက္မွ
LCD အလုပ္လုပ္ႏိုင္ပါလိမ့္မယ္
LCD အလုပ္လုပ္မွ Backlight ပိုင္းအတြက္
လိုအပ္ေနတဲ့ PWM ျပန္ထုတ္ေပးတာျဖစ္လို႔
LCD အလုပ္မလုပ္ရင္ ေနာက္ခံမီးပါ မလင္းေတာ့ပါဘူး
တကယ္ေတာ့ +5V နဲ႔ -5V ဟာ LCD အတြက္ပါ
Backlight အတြက္ မဟုတ္ပါဘူး
ဒါေပမယ့္ အဲဒီဗို႔ေတြ ေပ်ာက္သြားရင္
အလင္းပါ ေပ်ာက္သြားတဲ့အတြက္
တခ်ိဳ႕ကလဲ Backlight Volt လို႔ ေခၚၾကပါတယ္
LB Coil ႏွစ္လုံးမွာ +5V နဲ႔ -5V ထြက္ေနၿပီး
ေနာက္ခံမီး မလင္းေသးပါက
LED ေတြအတြက္ အေပါင္းဗို႔ေပးလမ္းေၾကာင္းျဖစ္တဲ့
VLED A နဲ႔ သက္ဆိုင္တာေတြကို စစ္ရမွာပါ
LCD Socket အနီးက LB Coil ေလးကတဆင့္
VLED A အတြက္ ဗို႔ေပးထားတာျဖစ္လို႔ အဲ့ဒီ Coil ေလးလဲ ေကာင္းေနဖို႔လိုပါတယ္
အလင္းေရာင္ထြက္ေနၿပီး မွိန္ေနေသးတယ္ဆိုရင္ေတာ့
VLED K လမ္းေၾကာင္းေပၚက LB Coil ႏွစ္လုံးကို စစ္ၾကည့္ပါ
ကဲ ေလ့လာၾကည့္ၾကပါဦးခင္ဗ်ာ . . . . .
Credit :Ko So Myat Thu
Comments
Post a Comment
မွတ္ခ်က္ေပးမႈအတြက္ေက်းဇူး အထူးတင္ပါတယ္
Admin အားလပ္တာ နဲ႔ Reply ျပန္ေပးပါမယ္ ဗ်