How to create Window Stick

Window Bootable Stick ပြုလုပ်နည်း
===========================

CD Drive မပါတဲ့ PC တွေအနေနဲ့ Window တင်တဲ့အခါ Stick နဲ့
တင်ဖို့အတွက် Stick ကို Window Bootable Stick တစ်ခု ပြုလုပ်ကြရပါတယ်။ အခု Window Bootable Stick တစ်ခုကို အလွယ်ကူဆုံးပြုလုပ်နိုင်တဲ့ နည်းလေးကို ဝေမျှပေးလိုက်ပါတယ်ဗျ။ အောက်ကအတိုင်းလေး
လိုက်လုပ်ပြီး Window Bootable Stick လေး တစ်ခုလုပ်ဆောင်လိုက်ပါ။

အရင်ဆုံး လိုအပ်တာကတော့ 4GB အနည်းဆုံးရှိရမဲ့ Stick လေးတစ်ချောင်းပေါ့။ ပြီးရင် သူ့ကို PC မှာ ထိုးလိုက်ပြီး Window R နှိပ်ကာ cmd.exe လို့ရိုက်ကာ cmd box ခေါ်လိုက်ပါ။ ပြီးရင်တော့ အောက်ကအတိုင်းလေးတွေ လိုက်ရိုက်ပေးပါ။

- diskpart
- list disk

ဒီလိုရိုက်ပြီးတဲ့ချိန်မှာ သူ့ရဲ့ Internal Memory တွေနဲ့အတူ မိမိထိုးထားတဲ့ Stick ရဲ့ size တွေကိုပြပေးပါလိမ့်မယ်။ ဒီချိန်မှာ မိမိရဲ့ Stick ရဲ့ name က ဘယ်လောက်လဲဆိုတာကိုကြည့်ပါ။ ဥပမာ - Disk 1 ဆို Disk 1 ( or ) Disk 2 ဆို Disk 2 ပေါ့။ အောက်က cmd ထဲမှာ ကို့ရဲ့ Stick name ကို ထည့်ရိုက်ပါ။

- sel disk 1
- clean
- create partition pri

ဒီ အခြေအနေထိပြီးပြီဆိုရင်တော့ Stick ကို Format ချပေးပါမယ်။
အောက် cmd ကိုသုံးပါမယ်။ ကျတော်က label= နောက်မှာတော့ ကျတော့်နံမည်ကို ဥပမာ ထားပြထားပါတယ်။ မိမိနှစ်သက်ရာ နံမည်ထားနိုင်ပါတယ်။ အနောက်က quick ဆိုတာလေးကလဲ အရေးကြီးပါတယ်။ အာ့လေး မပါသွားရင်တော့ Format ရိုက်တဲ့ချိန်မှာ ကျန့်ကြာပြီး အဆင်မပြေဖြစ်တက်ပါတယ်။

- format fs=ntfs label=KoHtoo quick
- active

အောက်ဆုံးက active ဆိုတဲ့ cmd လေးပြီးရင်တော့ Window Bootable Stick တစ်ခုကို ပိုင်ဆိုင်ပါပြီ။ :D မိမိနှစ်သက်ရာ Window data ကို Stick ထဲထည့်ပြီး Window တင်ခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ပါပြီ။ :)

#KHS_MSH

Comments

Popular posts from this blog

TTA Pie Gapp Installer

SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

J2 prime Frp Remove