ဟာသ

Zawgyi font ®♥♥®

ကြၽန္ေတာ္ ဒီေန႔ ဘုရားသြားျဖစ္သည္။စိတ္ အေတာ္ၾကည္ႏႉးရသည္။ရဟန္းတစ္ပါး ဖိနပ္ေပ်ာက္လို႔ အလႉလာခံသည္။သဒၶါထက္သန္စြာပင္ ကြၽန္ေတာ့္ ကတၱီပါဖိနပ္ေလးလႉလိုက္သည္။အသစ္စက္စက္ေလးပါ။ရဟန္းက လက္မခံေပ။ဝတၳဳေငြကိုသာ လႉေစခ်င္သည္။ကြၽန္ေတာ့္ သဒၶါတရားက ျပတ္သားသည္။ဖိနပ္ကိုသာ အတင္းလႉသည္။ဆရာေတာ္က ျငင္းသည္။ေနာက္ဆုံး ဖိနပ္ကို ဆရာေတာ္ေရွ႕ခ်ၿပီး ဦးသုံးႀကိမ္ခ် ကန္ေတာ့လိုက္သည္။ဆရာေတာ္နဲ႔ ဖိနပ္သာ က်န္ေနခဲ့သည္။လူေတာ္ေတာ္မ်ားမ်ား ဝိုင္းၾကည့္ေနၾကသည္ကိုေတာ့ သတိထားမိသည္။

ဘုရားက အျပန္ မွတ္တိုင္တစ္ခုမွာ အေမအို တစ္ေယာက္ကိုေတြ႕သည္။ေယာပုဆိုးေလးဝတ္ၿပီး လည္ကတုံးေလးနဲ႔ အလြန္သပ္ရပ္ေနတဲ့ ကြၽန္ေတာ့နားကိုလာၿပီး ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ကိုျပန္ဖို႔ လမ္းစရိတ္ အလႉလာခံသည္။ေစတနာ ထက္သန္ေနတဲ့ ကြၽန္ေတာ့္ အတြက္ ဒါဟာ တစ္ကယ့္ကို ေက်နပ္စရာပင္။ျဖတ္သြားေနသည့္ Taxi တစ္စီးကို ခ်က္ခ်င္းငွားလိုက္ၿပီး အေမအိုကို Taxi ေပၚတင္ေပးရင္း ယုဇနကို အေရာက္ပို႔ခိုင္းသည္။Taxi သမားေတာင္းသည့္ေဈးကို မဆစ္ေပ။အေမအိုက ကားခပဲေပးေစခ်င္သည္။ကြၽန္ေတာ္က အေမအိုကို စိတ္မခ်ေပ။Taxi ေပၚဆြဲတင္ေတာ့ အတင္း ေျခကန္႐ုန္းသည္။Taxi ေတာ့ မစီးပါရေစနဲ႔လို႔ ပါးစပ္က တြင္တြင္ေအာ္သည္။ကြၽန္ေတာ္က ေစတနာ ထက္သန္စြာ အတင္း ကားေပၚတင္သည္။အေမအို ႐ုန္းရင္းကန္ရင္း Taxi ေပၚပါလာသည္။ကြၽန္ေတာ္ အေမအိုကို စိတ္မခ်တာနဲ႔ Taxi သမားကို ေသခ်ာမွာသည္။လမ္းမွာ ဘယ္ေလာက္ဆင္းပါမယ္ေျပာေျပာ မခ်ေပးဖို႔ မီးပြိဳင့္မိေနရင္ ဆင္းမေျပးရေအာင္ Auto Lock ေတြ ခ်ထားေပးဖို႔ ယုဇနကို မျပန္ေတာ့ပါဘူး ကားခ ျပန္ေပးပါဆို ျပန္မေပးဖို႔ အေသအခ်ာမွာရင္း Taxi သမားကို ကားခ ရွင္းေပးလိုက္သည္။ကားေနာက္ခန္းမွာ မ်က္ရည္ေတြေဝ့ၿပီး ၾကည့္ေနသည့္ အေမအိုကို ခပ္ၿပဳံးၿပဳံးေလးၾကည့္ရင္း အေတြးထဲမွာ အေမအိုေတာ့ ဝမ္းသာလြန္းလို႔ မ်က္ရည္ေတြပါ လည္လာတယ္လို႔ သတ္မွတ္လိုက္ၿပီး ထြက္သြားသည့္ Taxi ေပၚက ခပ္ေတြေတြၾကည့္ေနသည့္ အေမအိုရဲ႕ မ်က္ႏွာေလးကို ၾကည့္ရင္း ပီတိေတြ အလိုလို ျဖစ္လာရသည္။

ဖိနပ္မပါ ေျခဗလာနဲ႔ YBS စီးလာတုန္း ကားေပၚမွာ နယ္ျပန္ဖို႔ အလႉလာခံသည့္ သားမိႏွစ္ေယာက္ကို ေတြ႕ရျပန္သည္။ဘယ္ကို ျပန္မွာလဲ ေမးေတာ့ မေကြးဘက္ကိုျပန္မွာပါတဲ့။ေစတနာရွိသေလာက္ ကူညီပါဆိုေတာ့ ကြၽန္ေတာ့္အတြက္ အခ်ိဳေပၚသကာဆင့္သလိုပဲဗ်။ဒါနဲ႔ မေကြးကို တစ္ကယယ္ျပန္ၾကမွာလား ႏွစ္ေယာက္စရိတ္ရယ္ စားဖို႔ရယ္ဆိုေတာ့ အေတာ္ကုန္မယ္။ဒါေပမယ့္ မပူနဲ႔ အမတို႔ သားအမိ အဆင္ေျပေစရမယ္ဆိုၿပီး သူတို႔ လက္ထဲရွိတဲ့ေငြကို ေတာင္းလိုက္သည္။နီးစပ္ရာ မွတ္တိုင္မွာဆင္းၿပီး Taxi ငွားၿပီး ေအာင္မဂၤလာ အေဝးေျပးကို ေခၚလာခဲ့သည္။သားမိႏွစ္ေယာက္လုံးကို ႐ုတ္တရတ္ေပ်ာ္႐ႊင္ေစခ်င္လို႔ ကြၽန္ေတာ္ ဘယ္ေခၚသြားမယ္ဆိုတာ မေျပာျပျဖစ္ေပ။

Taxi က ေအာင္မဂၤလာ ကားကြင္းထဲအေရာက္ ကားဂိတ္ကို ဖုန္းဆက္ၿပီး လက္မွတ္ႏွစ္ေစာင္မွာလိုက္ေတာ့ ကေလးအေမ တုန္လႈပ္ေနသည္။အ့လိုေတြမလိုပါဘူး ကားခပဲေပးပါ အားနာလို႔ပါေတြဆိုၿပီး ေျပာလာေတာ့ ကြၽန္ေတာ့္ ကုသိုလ္အတြက္ ၿပဳံးမိျပန္သည္။ပီတိေတြ အလိုလို ျဖစ္လာသည္။တိုက္တိုက္ဆိုင္ဆိုင္ မေကြးရန္ကုန္ကားသည္ ကြၽန္ေတာ့ ငယ္ေပါင္း ဆိုးေဖာ္ဆိုးဖက္ေကာင္ရဲ႕ ကားျဖစ္ေနတာ သူတို႔ အတြက္ ပိုေကာင္းေနျပန္သည္။လက္မွတ္ျဖတ္ၿပီး သားအမိႏွစ္ေယာက္ကို ကားေပၚအတင္း တင္ရျပန္သည္။ကြၽန္ေတာ့္လို ေစတနာရွင္နဲ႔ေတြ႕ရတာ ဇေဝဇဝါျဖစ္ေနပုံေပၚသည္။ကြၽန္ေတာ္က အားမနာဖို႔ အႀကိမ္ႀကိမ္မွာရင္း ကေလးနဲ႔ ကေလးအေမကို ကားေပၚတင္ေပးလိုက္သည္။

ကားသမား သူငယ္ခ်င္းကိုလဲ ေသခ်ာမွာရသည္။သူတို႔ေတြ ငါ့ကို အားနာၿပီး ကားေပၚက ဆင္းမယ္ဆိုေပးမဆင္းဖို႔ အတန္တန္မွာရသည္။ညစာ အတြက္ ကားသမားကို ေပးထားေၾကာင္း သူတို႔သားအမိကို ေအာ္ေျပာခဲ့ေသးသည္။အေဝးေျပးကားႀကီး ထြက္တဲ့အခါ ကေလးအေမက ငိုေနသည္။တစ္ခ်ိဳ႕ေပ်ာ္႐ႊင္ျခင္းက မ်က္ရည္ေတြဆိုတာ နားလည္လိုက္ပါၿပီ။အေဝးေျပးကားႀကီးကေတာ့ တေ႐ြ႕ေ႐ြ႕နဲ႔ ေပ်ာက္ကြယ္သြားျပန္သည္။

အိမ္အျပန္ မနက္က ဘုန္းႀကီးကို လႉခဲ့တဲ့ ဖိနပ္ရယ္ အေမအိုကို ယုဇနပို႔ခ်ိန္ အေမအို႔ မ်က္ဝန္းက မ်က္ရည္ေတြရယ္ သားမိႏွစ္ေယာက္ကို အေဝးေျပးကားေပၚတင္ေပးခဲ့ရတာေတြက ကြၽန္ေတာ့္ဘဝအတြက္ တစ္ကယ့္ ကုသိုလ္ေတြပါပဲ။Fb က သူငယ္ခ်င္းေတြ သာဓုေခၚေစရန္ အလို႔ငွာ မွ်ေဝလိုက္ရပါသည္ ။ ။ ။

Credit #Oo_Nyo

Unicode Font ®♥®


ကျွန်တော် ဒီနေ့ ဘုရားသွားဖြစ်သည်။စိတ် အတော်ကြည်နှူးရသည်။ရဟန်းတစ်ပါး ဖိနပ်ပျောက်လို့ အလှူလာခံသည်။သဒ္ဓါထက်သန်စွာပင် ကျွန်တော့် ကတ္တီပါဖိနပ်လေးလှူလိုက်သည်။အသစ်စက်စက်လေးပါ။ရဟန်းက လက်မခံပေ။ဝတ္ထုငွေကိုသာ လှူစေချင်သည်။ကျွန်တော့် သဒ္ဓါတရားက ပြတ်သားသည်။ဖိနပ်ကိုသာ အတင်းလှူသည်။ဆရာတော်က ငြင်းသည်။နောက်ဆုံး ဖိနပ်ကို ဆရာတော်ရှေ့ချပြီး ဦးသုံးကြိမ်ချ ကန်တော့လိုက်သည်။ဆရာတော်နဲ့ ဖိနပ်သာ ကျန်နေခဲ့သည်။လူတော်တော်များများ ဝိုင်းကြည့်နေကြသည်ကိုတော့ သတိထားမိသည်။

ဘုရားက အပြန် မှတ်တိုင်တစ်ခုမှာ အမေအို တစ်ယောက်ကိုတွေ့သည်။ယောပုဆိုးလေးဝတ်ပြီး လည်ကတုံးလေးနဲ့ အလွန်သပ်ရပ်နေတဲ့ ကျွန်တော့နားကိုလာပြီး ယုဇနဥယျာဉ်မြို့တော်ကိုပြန်ဖို့ လမ်းစရိတ် အလှူလာခံသည်။စေတနာ ထက်သန်နေတဲ့ ကျွန်တော့် အတွက် ဒါဟာ တစ်ကယ့်ကို ကျေနပ်စရာပင်။ဖြတ်သွားနေသည့် Taxi တစ်စီးကို ချက်ချင်းငှားလိုက်ပြီး အမေအိုကို Taxi ပေါ်တင်ပေးရင်း ယုဇနကို အရောက်ပို့ခိုင်းသည်။Taxi သမားတောင်းသည့်ဈေးကို မဆစ်ပေ။အမေအိုက ကားခပဲပေးစေချင်သည်။ကျွန်တော်က အမေအိုကို စိတ်မချပေ။Taxi ပေါ်ဆွဲတင်တော့ အတင်း ခြေကန်ရုန်းသည်။Taxi တော့ မစီးပါရစေနဲ့လို့ ပါးစပ်က တွင်တွင်အော်သည်။ကျွန်တော်က စေတနာ ထက်သန်စွာ အတင်း ကားပေါ်တင်သည်။အမေအို ရုန်းရင်းကန်ရင်း Taxi ပေါ်ပါလာသည်။ကျွန်တော် အမေအိုကို စိတ်မချတာနဲ့ Taxi သမားကို သေချာမှာသည်။လမ်းမှာ ဘယ်လောက်ဆင်းပါမယ်ပြောပြော မချပေးဖို့ မီးပွိုင့်မိနေရင် ဆင်းမပြေးရအောင် Auto Lock တွေ ချထားပေးဖို့ ယုဇနကို မပြန်တော့ပါဘူး ကားခ ပြန်ပေးပါဆို ပြန်မပေးဖို့ အသေအချာမှာရင်း Taxi သမားကို ကားခ ရှင်းပေးလိုက်သည်။ကားနောက်ခန်းမှာ မျက်ရည်တွေဝေ့ပြီး ကြည့်နေသည့် အမေအိုကို ခပ်ပြုံးပြုံးလေးကြည့်ရင်း အတွေးထဲမှာ အမေအိုတော့ ဝမ်းသာလွန်းလို့ မျက်ရည်တွေပါ လည်လာတယ်လို့ သတ်မှတ်လိုက်ပြီး ထွက်သွားသည့် Taxi ပေါ်က ခပ်တွေတွေကြည့်နေသည့် အမေအိုရဲ့ မျက်နှာလေးကို ကြည့်ရင်း ပီတိတွေ အလိုလို ဖြစ်လာရသည်။

ဖိနပ်မပါ ခြေဗလာနဲ့ YBS စီးလာတုန်း ကားပေါ်မှာ နယ်ပြန်ဖို့ အလှူလာခံသည့် သားမိနှစ်ယောက်ကို တွေ့ရပြန်သည်။ဘယ်ကို ပြန်မှာလဲ မေးတော့ မကွေးဘက်ကိုပြန်မှာပါတဲ့။စေတနာရှိသလောက် ကူညီပါဆိုတော့ ကျွန်တော့်အတွက် အချိုပေါ်သကာဆင့်သလိုပဲဗျ။ဒါနဲ့ မကွေးကို တစ်ကယယ်ပြန်ကြမှာလား နှစ်ယောက်စရိတ်ရယ် စားဖို့ရယ်ဆိုတော့ အတော်ကုန်မယ်။ဒါပေမယ့် မပူနဲ့ အမတို့ သားအမိ အဆင်ပြေစေရမယ်ဆိုပြီး သူတို့ လက်ထဲရှိတဲ့ငွေကို တောင်းလိုက်သည်။နီးစပ်ရာ မှတ်တိုင်မှာဆင်းပြီး Taxi ငှားပြီး အောင်မင်္ဂလာ အဝေးပြေးကို ခေါ်လာခဲ့သည်။သားမိနှစ်ယောက်လုံးကို ရုတ်တရတ်ပျော်ရွှင်စေချင်လို့ ကျွန်တော် ဘယ်ခေါ်သွားမယ်ဆိုတာ မပြောပြဖြစ်ပေ။

Taxi က အောင်မင်္ဂလာ ကားကွင်းထဲအရောက် ကားဂိတ်ကို ဖုန်းဆက်ပြီး လက်မှတ်နှစ်စောင်မှာလိုက်တော့ ကလေးအမေ တုန်လှုပ်နေသည်။အ့လိုတွေမလိုပါဘူး ကားခပဲပေးပါ အားနာလို့ပါတွေဆိုပြီး ပြောလာတော့ ကျွန်တော့် ကုသိုလ်အတွက် ပြုံးမိပြန်သည်။ပီတိတွေ အလိုလို ဖြစ်လာသည်။တိုက်တိုက်ဆိုင်ဆိုင် မကွေးရန်ကုန်ကားသည် ကျွန်တော့ ငယ်ပေါင်း ဆိုးဖော်ဆိုးဖက်ကောင်ရဲ့ ကားဖြစ်နေတာ သူတို့ အတွက် ပိုကောင်းနေပြန်သည်။လက်မှတ်ဖြတ်ပြီး သားအမိနှစ်ယောက်ကို ကားပေါ်အတင်း တင်ရပြန်သည်။ကျွန်တော့်လို စေတနာရှင်နဲ့တွေ့ရတာ ဇဝေဇဝါဖြစ်နေပုံပေါ်သည်။ကျွန်တော်က အားမနာဖို့ အကြိမ်ကြိမ်မှာရင်း ကလေးနဲ့ ကလေးအမေကို ကားပေါ်တင်ပေးလိုက်သည်။

ကားသမား သူငယ်ချင်းကိုလဲ သေချာမှာရသည်။သူတို့တွေ ငါ့ကို အားနာပြီး ကားပေါ်က ဆင်းမယ်ဆိုပေးမဆင်းဖို့ အတန်တန်မှာရသည်။ညစာ အတွက် ကားသမားကို ပေးထားကြောင်း သူတို့သားအမိကို အော်ပြောခဲ့သေးသည်။အဝေးပြေးကားကြီး ထွက်တဲ့အခါ ကလေးအမေက ငိုနေသည်။တစ်ချို့ပျော်ရွှင်ခြင်းက မျက်ရည်တွေဆိုတာ နားလည်လိုက်ပါပြီ။အဝေးပြေးကားကြီးကတော့ တရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားပြန်သည်။

အိမ်အပြန် မနက်က ဘုန်းကြီးကို လှူခဲ့တဲ့ ဖိနပ်ရယ် အမေအိုကို ယုဇနပို့ချိန် အမေအို့ မျက်ဝန်းက မျက်ရည်တွေရယ် သားမိနှစ်ယောက်ကို အဝေးပြေးကားပေါ်တင်ပေးခဲ့ရတာတွေက ကျွန်တော့်ဘဝအတွက် တစ်ကယ့် ကုသိုလ်တွေပါပဲ။Fb က သူငယ်ချင်းတွေ သာဓုခေါ်စေရန် အလို့ငှာ မျှဝေလိုက်ရပါသည် ။ ။ ။

Credit #Oo_Nyo

😂😂😂

Comments

Popular posts from this blog

TTA Pie Gapp Installer

SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

J2 prime Frp Remove