Android အေျခခံ Command မ်ား

Zawgyi
@@@@


Android အေျခခံ Command မ်ားႏွင့္ Mode မ်ားအေၾကာင္း အနည္းငယ္ အဓိပၸာယ္ ဖြင့္ဆိုျခင္း
**********************************************************************************************************************************
(1 ) adb devices
*******************
မိမိရဲ႕ Device နဲ႔ Computer ခ်ိတ္ဆက္မႈ ရွိ မရွိ စစ္ၾကည့္တဲ့ Command ပါ ။ တစ္နည္း adb သိ မသိ စစ္တဲ့ Command ပါ ။
adb devices သိၿပီဆို ဘာေတြအသုံးျပဳႏိုင္မလည္းဆိုေတာ့ Normal Mode အေျခေနကေန ( Recovery Mode / Fastboot Mode ( or ) Qloader Mode ( Or )
download Mode ( for Samsung ) ) စသျဖင့္ Mode မ်ားကို အလြယ္တကူ ေရာက္ရွိသြားႏိုင္သလို Root ႏိုင္ျခင္း ၊ Myanmar Font သြင္းျခင္း ၊ 
Pattern Password ၊ Pin Lock မ်ားျဖည္ႏိုင္ျခင္း ၊ PC Suit မ်ားကို အသုံးျပဳၿပီး Game / Appliaction /Music / Movie မ်ားသြင္းႏိုင္ျခင္း ၊ Official Firmware / 
Custom Firmware မ်ားတင္ႏိုင္ျခင္း စသျဖင့္ အသုံးျပဳႏိုင္ပါသည္ ။
( 2 ) adb reboot recovery
****************************
ဖုန္းတစ္လုံးကို Normal Mode အေျခေနကေန Recovery Mode အေျခေနေရာက္ေစေသာ Command ပါ ။ ဘယ္လိုအေျခေနမွာ သုံးရမလဲဆိုေတာ့ 
Official Rom / Custom Rom ( Update.zip ) တင္ခ်င္တဲ့အခါ ၊ မိမိဖုန္း အရမ္းေလးေနလို႔ စိတ္ညစ္ေနတဲ့ အခါ Recovery Mode ကေနၿပီး Fastory Reset ခ်ခ်င္တဲ့ 
အခါ အသုံးျပဳႏိုင္ေသာ Mode ျဖစ္ပါတယ္ ။
( 3 ) Fastboot Mode Command
************************************
1 adb reboot bootloader
2 adb reboot-bootloader
3 adb reboot oem-1
အထက္ပါ Command ေတြကေတာ့ Fastboot Mode ကို ေရာက္ရွိေစေသာ Command မ်ားျဖစ္ပါတယ္ ။ တစ္ခုမရ တစ္ခုေျပာင္းသုံးပါ ။ Fastboot Command က
ဘာေတြအသုံးဝင္သလည္းဆိုေတာ့
– Fastboot Mode ကေနၿပီး Bootloader Unlock / Relock လုပ္ႏိုင္ျခင္း
– Fastboot Mode ကေနၿပီး Root ရခက္တဲ့ ဖုန္းမ်ားကို Insecure boot လုပ္ၿပီး boot.img /recovery.img မ်ားကို Flash ႏိုင္ျခင္း
– Fastboot Mode ကေနၿပီး boot.img ကို ျပင္ၿပီး ( Pattern / Password /Pin Lock ) မ်ားကို ဖ်က္ေစႏိုင္ေသာ Command မ်ားေရးၿပီး Flash ႏိုင္ျခင္း
– Fastboot Mode ကေနၿပီး Custom Recovery ( CWM ) မ်ားကို Flash ႏိုင္ျခင္း
– Fastboot Mode ကေနၿပီး Official Rom / Custom Rom မ်ား Flash ႏိုင္ျခင္း
စသျဖင့္ မိမိအသုံးျပဳလိုေသာ Function ကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါသည္ ။
( 4 ) Safe Mode
******************
သင့္ Android Device မွာ Apps ေတြသုံးေနရင္းနဲ႔ပိတ္သြာတာေတြ၊ ဖုန္းေလးလံလာတာေတြ၊ Apps ေတြအလုပ္ေကာင္းေကာင္းမလုပ္ဘဲ ရပ္ေနတာေတြ၊ Battery
ၾကာရွည္စြာအသုံးမခံေတာ့တာေတြ စတာေတြကို Safe Mode ကိုဝင္ၿပီးအေျဖရွာႏိုင္ပါတယ္ ။ Safe Mode ကိုဝင္ၿပီး ျဖစ္ေနတဲ့ ျပႆနာေတြ ျဖစ္ေသးလားဆိုတာ စမ္းသပ္ၾကည့္ပါ။ 
Safe Mode မွာ ျပႆနာေတြမျဖစ္ေတာ့ ရင္ Applications ေတြေၾကာင့္ျဖစ္ႏိုင္ၿပီး ျပႆနာရွိႏိုင္တဲ့ Apps ေတြကို Uninstall လုပ္ႏိုင္ပါတယ္Safe Mode ကိုဝင္ၿပီးရင္ Screen 
ဘယ္ဘက္ေအာက္ေျခမွာ Safe Mode ဆိုတဲ့ စာကိုေတြ႕ႏိုင္ပါတယ္။
Safe Mode မွာ သင့္ Android Device မွာ နဂိုပါလာတဲ့ Apps ေတြကို ပဲသုံးလို႔ရမွာျဖစ္ၿပီး သင္ Installလုပ္ထားတဲ့ Apps ေတြ ၊ Widgets ေတြကို Disable လုပ္ေပးထားမွာပါ။ 
သင့္ ဖုန္းကို သာမာန္ လိုပဲ အသုံးျပဳၾကည့္ပါ။
ျပႆသနာေတြျဖစ္ေသးလားဆိုတာ ေစာင့္ၾကည့္ပါ။ ျပသနာေ တြမျဖစ္ေတာ့ရင္ သင္Install လုပ္ထားတဲ့ third-party apps ေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
Apps ေတြကို Disable လုပ္ထားေပမယ့္ Uninstall လုပ္လို႔ရပါတယ္။ ပုံမွန္အတိုင္းပဲ Settings ကိုသြားၿပီးApps ကိုႏွိပ္ပါ။ ျပသနာျဖစ္ေစတယ္လို႔ ထင္ရတဲ့ Apps ေတြကို 
Uninstall လုပ္ပါ။ မၾကာမီ ကသြင္းထားတဲ့ Apps ေတြက ျပႆနာ ျဖစ္ေစတဲ့ Apps ေတြျဖစ္ႏိုင္ပါတယ္။
အဲဒီအတြက္ မၾကာမီ ကသြင္းထားတဲ့ Apps ေတြကို အရင္ဆုံး Uninstall လုပ္သင့္ပါတယ္။ ၿပီးရင္ေတာ့ Power ကိုပိတ္ပါ။ Power ကို ျပန္ဖြင့္ၿပီး Normal Mode ကိုျပန္သြားပါ။ 
ျဖဳတ္လိုက္တဲ့ Apps ေတြကို တစ္ခုခ်င္းစီ ျပန္သြင္းၿပီး ေစာင့္ၾကည့္ပါ။ ဘယ္ App ကျပသနာျဖစ္ေစ တာလဲဆိုတာကို ဒီနည္းနဲ႔ ရွာေဖြပါ။သင့္ရဲ႕ျပႆနာ ဟာ Apps ေတြေၾကာင့္မဟုတ္ဘဲ 
တစ္ျခား ႀကီးႀကီးမားမား အေၾကာင္းအရာေတြေၾကာင့္ဆိုရင္ေတာ့ သင့္ဖုန္း ရဲ႕Factory Default Settings ကို Restore လုပ္သင့္ပါတယ္။
သင့္ရဲ႕ ေဒတာ ေတြအားလုံး ဖ်က္ပစ္မွာကိုေတာ့ သတိျပဳပါ။ အဲဒီအတြက္ Backup လုပ္ထားသင့္ပါတယ္။ Apps ေတြအားလုံးကိုလည္း ျပန္ၿပီး Install လုပ္ရမွာပါ။ Factory Default 
Settings ကို Reset လုပ္ဖို႔အတြက္ Settings ထဲကိုသြားၿပီး Backup & Reset ကိုႏွိပ္ပါ။ Factory Data Reset ကိုႏွိပ္ပါ။ၿပီးရင္ ၫႊန္ၾကားခ်က္ေတြအတိုင္းဆက္လုပ္သြားပါ။
Safe Mode ထဲမွာ System အတြက္ လိုအပ္တာေတြပဲ အလုပ္ လုပ္ပါတယ္။ ထပ္ၿပီးထည့္ထားတဲ့ software/Game ေတြကအလုပ္ မလုပ္ေတာ့ပါဘူး။ App Drawer ထဲမွာလဲ 
မေတြ႕ ရေတာ့ပါဘူး။
Safe Mode ဝင္နည္း ။ ။ Power ပိတ္တဲ့အခါ Power ခလုပ္ေလးကို ၾကာၾကာေလးဖိထားပါ Power Off ဆိုတာေလးေပၚလာရင္ေတာ့ အဲ့ဒါေလးကို ၾကာၾကာေလဖိထားလိုက္ပါ 
ပိတ္ခ်င္ရင္ေတာ့ Shut down လို႔ျပပါတယ္။
Safe mode ဝင္ခ်င္ရင္ေတာ့ Reboot to safe mode or Ok ေပါ့ ။
Safe Mode မွ ထြက္နည္း။ ။ Restart ခ်လိုက္ပါ ဒါဆို Safe Mode ေပ်ာက္သြားပါလိမ့္မယ္ ။ ( သာမန္ Safe Mode မ်ားသာ Restart က ႏိုင္ပါသည္ ။ )
( ေနာက္တစ္နည္း )
၁ – Battery ျဖဳတ္လိုက္ပါ ။
၂ – Battery ျပန္တပ္ၿပီးပါဝါဖြင့္ W 3G ဆိုေပၚလာခဲ့ရင္ Vol down ေလးဖိထားလိုက္ပါ …..ေနာက္ဆုံး Lock Screen ေရာက္သြားခဲ့ရင္ safe mode ေပ်ာက္သြားတာကိုေတြ႕ရမွာပါ 
Safe Modeကေန ျပႆနာေတြကို အေျဖရွာႏိုင္ပါတယ္။
( 5 ) Pattern /Password /Pin Lock Remove Command
***************************************************************************
adb devices
adb shell
su
rm /data/system/gesture.key ( For Pattern and Face Lock )
rm /data/system/password.key ( For Password and Pin Lock)
အားလုံးပဲ ေပ်ာ္႐ႊင္ခ်မ္းေျမ့ ၾကပါေစခင္ဗ်ာ

Credit... 😁😁


Unicode
@@@@

Android အခြေခံ Command များနှင့် Mode များအကြောင်း အနည်းငယ် အဓိပ္ပာယ် ဖွင့်ဆိုခြင်း
**********************************************************************************************************************************
(1 ) adb devices
*******************
မိမိရဲ့ Device နဲ့ Computer ချိတ်ဆက်မှု ရှိ မရှိ စစ်ကြည့်တဲ့ Command ပါ ။ တစ်နည်း adb သိ မသိ စစ်တဲ့ Command ပါ ။
adb devices သိပြီဆို ဘာတွေအသုံးပြုနိုင်မလည်းဆိုတော့ Normal Mode အခြေနေကနေ ( Recovery Mode / Fastboot Mode ( or ) Qloader Mode ( Or )
download Mode ( for Samsung ) ) စသဖြင့် Mode များကို အလွယ်တကူ ရောက်ရှိသွားနိုင်သလို Root နိုင်ခြင်း ၊ Myanmar Font သွင်းခြင်း ၊ 
Pattern Password ၊ Pin Lock များဖြည်နိုင်ခြင်း ၊ PC Suit များကို အသုံးပြုပြီး Game / Appliaction /Music / Movie များသွင်းနိုင်ခြင်း ၊ Official Firmware / 
Custom Firmware များတင်နိုင်ခြင်း စသဖြင့် အသုံးပြုနိုင်ပါသည် ။
( 2 ) adb reboot recovery
****************************
ဖုန်းတစ်လုံးကို Normal Mode အခြေနေကနေ Recovery Mode အခြေနေရောက်စေသော Command ပါ ။ ဘယ်လိုအခြေနေမှာ သုံးရမလဲဆိုတော့ 
Official Rom / Custom Rom ( Update.zip ) တင်ချင်တဲ့အခါ ၊ မိမိဖုန်း အရမ်းလေးနေလို့ စိတ်ညစ်နေတဲ့ အခါ Recovery Mode ကနေပြီး Fastory Reset ချချင်တဲ့ 
အခါ အသုံးပြုနိုင်သော Mode ဖြစ်ပါတယ် ။
( 3 ) Fastboot Mode Command
************************************
1 adb reboot bootloader
2 adb reboot-bootloader
3 adb reboot oem-1
အထက်ပါ Command တွေကတော့ Fastboot Mode ကို ရောက်ရှိစေသော Command များဖြစ်ပါတယ် ။ တစ်ခုမရ တစ်ခုပြောင်းသုံးပါ ။ Fastboot Command က
ဘာတွေအသုံးဝင်သလည်းဆိုတော့
– Fastboot Mode ကနေပြီး Bootloader Unlock / Relock လုပ်နိုင်ခြင်း
– Fastboot Mode ကနေပြီး Root ရခက်တဲ့ ဖုန်းများကို Insecure boot လုပ်ပြီး boot.img /recovery.img များကို Flash နိုင်ခြင်း
– Fastboot Mode ကနေပြီး boot.img ကို ပြင်ပြီး ( Pattern / Password /Pin Lock ) များကို ဖျက်စေနိုင်သော Command များရေးပြီး Flash နိုင်ခြင်း
– Fastboot Mode ကနေပြီး Custom Recovery ( CWM ) များကို Flash နိုင်ခြင်း
– Fastboot Mode ကနေပြီး Official Rom / Custom Rom များ Flash နိုင်ခြင်း
စသဖြင့် မိမိအသုံးပြုလိုသော Function ကို ရွေးချယ်အသုံးပြုနိုင်ပါသည် ။
( 4 ) Safe Mode
******************
သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ်ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊ Battery
ကြာရှည်စွာအသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင်ပါတယ် ။ Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ 
Safe Mode မှာ ပြဿနာတွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို Uninstall လုပ်နိုင်ပါတယ်Safe Mode ကိုဝင်ပြီးရင် Screen 
ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့နိုင်ပါတယ်။
Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ရမှာဖြစ်ပြီး သင် Installလုပ်ထားတဲ့ Apps တွေ ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ 
သင့် ဖုန်းကို သာမာန် လိုပဲ အသုံးပြုကြည့်ပါ။
ပြဿသနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြသနာေ တွမဖြစ်တော့ရင် သင်Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။
Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီးApps ကိုနှိပ်ပါ။ ပြသနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို 
Uninstall လုပ်ပါ။ မကြာမီ ကသွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။
အဲဒီအတွက် မကြာမီ ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။ ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ 
ဖြုတ်လိုက်တဲ့ Apps တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြသနာဖြစ်စေ တာလဲဆိုတာကို ဒီနည်းနဲ့ ရှာဖွေပါ။သင့်ရဲ့ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ 
တစ်ခြား ကြီးကြီးမားမား အကြောင်းအရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့Factory Default Settings ကို Restore လုပ်သင့်ပါတယ်။
သင့်ရဲ့ ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default 
Settings ကို Reset လုပ်ဖို့အတွက် Settings ထဲကိုသွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။
Safe Mode ထဲမှာ System အတွက် လိုအပ်တာတွေပဲ အလုပ် လုပ်ပါတယ်။ ထပ်ပြီးထည့်ထားတဲ့ software/Game တွေကအလုပ် မလုပ်တော့ပါဘူး။ App Drawer ထဲမှာလဲ 
မတွေ့ ရတော့ပါဘူး။
Safe Mode ဝင်နည်း ။ ။ Power ပိတ်တဲ့အခါ Power ခလုပ်လေးကို ကြာကြာလေးဖိထားပါ Power Off ဆိုတာလေးပေါ်လာရင်တော့ အဲ့ဒါလေးကို ကြာကြာလေဖိထားလိုက်ပါ 
ပိတ်ချင်ရင်တော့ Shut down လို့ပြပါတယ်။
Safe mode ဝင်ချင်ရင်တော့ Reboot to safe mode or Ok ပေါ့ ။
Safe Mode မှ ထွက်နည်း။ ။ Restart ချလိုက်ပါ ဒါဆို Safe Mode ပျောက်သွားပါလိမ့်မယ် ။ ( သာမန် Safe Mode များသာ Restart က နိုင်ပါသည် ။ )
( နောက်တစ်နည်း )
၁ – Battery ဖြုတ်လိုက်ပါ ။
၂ – Battery ပြန်တပ်ပြီးပါဝါဖွင့် W 3G ဆိုပေါ်လာခဲ့ရင် Vol down လေးဖိထားလိုက်ပါ …..နောက်ဆုံး Lock Screen ရောက်သွားခဲ့ရင် safe mode ပျောက်သွားတာကိုတွေ့ရမှာပါ 
Safe Modeကနေ ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။
( 5 ) Pattern /Password /Pin Lock Remove Command
***************************************************************************
adb devices
adb shell
su
rm /data/system/gesture.key ( For Pattern and Face Lock )
rm /data/system/password.key ( For Password and Pin Lock)
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ကြပါစေခင်ဗျာ

Credit... 😁😁

Comments

Popular posts from this blog

TTA Pie Gapp Installer

SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

J2 prime Frp Remove